Wednesday, December 19, 2012

ကေအိုင်အေသည် အထောက်အပံ့ကောင်းစွာ ရရှိနေကြောင်း ဖော်ပြသည့် ဓာတ်ပုံများ

်From;Myanmar Express


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု အဆင့်မှ အထောက်အပံ့ကောင်းစွာ ရရှိပြီး စင်ပြိုင် တပ်မတော် တစ်ခု တည်ထောင်တိုက်ပွဲဝင်လာနိုင်သည့် အခြေအနေထိ ဖြစ်လာနိုင်သည့် ကေအိုင်အေ၏ အန္တရာယ်ကို ငြိမ်းချမ်းရေး နည်းဖြင့် မည်သို့မှ ဖြေရှင်းနိုင်မည် မဟုတ်။ အင်အားကြီး လက်နက်ကိုင်အဖွဲ့ အဖြစ် တိုင်းပြည် တည်ငြိမ်ရေးကို နှောက်ယှက်ဖျက်ဆီးနေအုံးမည် သာမက ကချင်ပြည်နယ်တွင် ကေအိုင်အို မဟုတ်သည့် မည်သည့် အစိုးရအဖွဲ့ ဖြစ်ဖြစ် ကေအိုင်အေ၏ နှောက်ယှက်ခြင်းကို ခံနေရအုံးမည် ဖြစ်သည်။ သဘာဝ သယံဇာ တများကို တရားဝင် လက်နက်ကိုင် အုပ်ချုပ်ခွင့်သာ ရရှိမည်ဆိုပါက ကချင်ပြည်နယ် တစ်ခုထဲဖြင့် ကျေနပ်နိုင် မည်လား။ နီးစပ်ရာ ရှမ်းပြည်နယ်တွင် အာဏာရရှိရေး လုပ်ဆောင်အုံးမည်သာ ဖြစ်သည်။

လက်ဖြောင့်သေနတ်များ ပိုင်ဆိုင်သည်
 CCTV စက်များ ပိုင်ဆိုင်သည်
 တရုတ်ကို အခြေပြု နယ်စပ်မျဉ်းပေါ်ထိုင်ကာ တိုက်စစ်ဆင်နွှဲသည်။ ထိုစခန်းများ ရှိနေခြင်းသည် တိုင်းပြည် လုံခြုံသည်ဟု မည်သူ အာမခံနိုင်သလဲ
 တစ်နေရာစာ ခြေကုပ်ယူရာမှ ကချင်တစ်ပြည်နယ်လုံးထိ အာဏာစက်ဖြန့်ဖို့ ပြင်ဆင်လာသည်
 လေယာဉ်ပစ် သေနတ်များအား ပိုင်ဆိုင်သည်
 လက်နက်ကိုင် သောင်းကျန်းသူတို့ လူသားတံတိုင်း အသုံးပြုမည့် နောက်ဆုံးခံစစ် လိုင်ဇာ
 အင်တာနက် ချိတ်ဆက်၊ ခေတ်မီ နည်းပညာများ ပံ့ပိုးမှု အပြည့် ရနေသည်
ခဲယမ်း အသစ်များ ပံ့ပိုး ရရှိသည်
 နည်းပညာမြင့် လက်နက်များကို ဘယ်နိုင်ငံမှ ၀ယ်ယူရရှိသလဲ
 ခိုင်မာတောင့်တင်းမှု မရှိသော ခံစစ်များမှနေ၍ မည်သည့်အကြောင်းကြောင့် တပ်မတော်ကို ရန်စရဲသလဲ
 ကေအိုင်အေ ရဲမေတစ်ဦး၏ ပိုင်ဆိုင်မှု
 အချိန်မရွေး စစ်သွေးကြွနေသည့် ပြင်ဆင်မှုများ
 ကေအိုင်အေတို့ကို ထောက်ပံ့ပေးထားသည့် လက်နက်များ
 ကေအိုင်အေတို့ ပိုင်ဆိုင်သည့် နည်းပညာများ
 လိုင်ဇာတစ်ကွက်မှ နေရာအနှံ့ ထိုးစစ်ပြုနိုင်သည့် အထောက်အပံ့သည် ဘယ်သူ ပေးသလဲ
လက်နက်များ၊ ယာဉ်များသည့် မည်သည့် နေရာမှ ရရှိသနည်း


Myanmar Right

Saturday, December 15, 2012

စက်တင်ဘာ အရေးအခင်း(ခေါ်) ဘုန်းကြီးတွေ လမ်းပေါ်ထွက်အောင်လုပ်တဲ့ ဘုန်းကြီးယုတ် ဘုန်းကြီးတု အကြောင်းဖော်ထုတ်ပြီ

From;မောင်ကျောက်ခဲ


          စက်တင်ဘာလကိုရောက်လာပြီဆိုရင်ဖြင့် ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်းတွေမြင်လာရပြန်ပါပြီ။ တကယ်ဆိုဝါတွင်းကာလကြီးမဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေးတွေလုပ်နေလို့ EU ကတောင် Sanctionတွေရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှုကလွဲရင်ကျန်တဲ့ကုန်သွယ်ရေးဆိုင်ရာကင်းလွတ်ခွင့်တွေ ပြန်ပေးဖို့ဆုံးဖြတ်ခဲ့ပါပြီကျွန်တော်တို့နိုင်ငံလောက် နှစ်ပတ်လည်နေ့၊ အမှတ်တရနေ့တွေများတာ မကြားဖူးပါဘူးဗျာ။ နိုင်င်ငံတစ်ခုမှာ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊ အလုပ်သမားနေ့တောင်သူလယ်သမားနေ့တပ်မတော်နေ့ ဒီလို နေ့တွေပဲရှိသင့်ပါတယ်ဘာအထိမ်းအမှတ်ညာအထိမ်းအမှတ်တွေ ရှာကြံလုပ်နေတာကျွန်တော်တို့နိုင်ငံမှာများလွန်းလှပါတယ်မှတ်လည်းမှတ်သားထားနိုင်ကြပါပေ့ရှးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေကဒီမိုကရေစီခေတ်အထိလိုက်လာနေဆဲပါလားဗျာ။

ရွှေဝါရောင်တော်လှန်ရေးလို့ ကင်းပွန်းတပ်ခဲ့သူကို အတော်လေးချီးကျူးပါတယ်။ ဒီနာမည်က အရမ်းကို ပေါက်သွားခဲ့တာမဟုတ်လား။ တကယ်တော့ စက်သုံးဆီဈေးမြှင့်လိုက်တာကစခဲ့တဲ့ကိစ္စပါ။ အေးချမ်းစွာသီတင်းသုံး နေတဲ့ ဘုန်းဘုန်းတွေလမ်းပေါ်တက်လာအောင် မြှောက်ပင့်ပေးတဲ့သူတွေရှိခဲ့တယ်။ တွန်းတင်တဲ့သူတွေရှိခဲ့တယ်။ မတက်ချင် တက်ချင်အောင် ဆွဲခေါ်တဲ့သူတွေရှိခဲ့တယ်။ ၀ိနည်းသိက္ခာပုဒ်တွေနဲ့မညီတဲ့ ဘုန်းကြီးအယောင်ဆောင်တစ်ချို့ကိုလဲ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်။ငြင်းမရတဲ့ဖြစ်ရပ်တစ်ခုကို ပြောပြပါမယ်။

 ၂၀၀၇ အောက်တိုဘာလဆန်းပိုင်းမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီလာကျောင်းတိုက်ကို သတင်းအရ၀င်ရှာကြတယ်။ အဲဒီတုန်းက ကျွန်တော်ကရပ်ကွက်လူကြီး၊ သက်သေအနေနဲ့ ကိုယ်တိုင်ပါခဲ့ရတယ်။ ကျောင်းထိုင်ဆရာတော်က ဦးကောဝိဒ၊ ကျောင်းတိုက်ထဲက ဘာတွေတွေ့လဲ ဆိုတော့ ညစ်ညမ်း VCD ခွေတွေ၊ တုတ်၊ ဓား၊ လေးခွတွေ၊ ဖဲထုပ်တွေ၊ ကွန်ဒုံးတွေ၊ ပစ္စည်းအတု(ဓာတ်ပုံထဲက အဖြူရောင်နဲ့ ထောင်နေတဲ့ပစ္စည်းပါ)၊ ဟန်းဖုန်း(ဟန်းဖုန်းရဲ့ Screen ကိုလည်း သေချာကြည့်ပေးပါ)စတဲ့ ပစ္စည်းအမျိုး ပေါင်း ၅၀ ကျော်ကို သိမ်းဆည်းမိခဲ့တယ်။ မြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်အတော်လေး တုန်လှုပ်ခဲ့ရပါတယ်။ ထင်ကိုထင်မထားခဲ့ပါဘူးဗျာ ကျွန်တော်ကိုယ်တိုင်ဆွမ်းကပ်ခဲ့၊ သီလယူခဲ့တဲ့ကျောင်းပါ။ အခုမှ ကြက်သီးထစွာနဲ့ နောင်တရမိပါတယ်ဒီလိုဘုန်းကြီးအတုတွေဟာ ဘာသာသာသနာအတွက် ကြီးမားလှတဲ့အန္တရာယ်ပါ။

ဒါက တကယ့်အမှန်တရားပါ။ အဲဒီအထဲမှာ မဟုတ်တန်းတရားတွေ အနားကပ်ပြီးလျှောက်တင်တတ်သူတွေရဲ့ လက်ချက်ကြောင့် ဆရာတော်ကြီးတစ်ချို့ကတောင် တာဝန်ရှိသူတွေအပေါ် အမြင်မှားပြီးပြောဆိုဝေဖန်တာတွေလဲ ကြားရပါတယ်။ အတော့်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဦးကောဝိဒက နိုင်ငံတော်ရဲ့ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါပြီ။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီလာကျောင်းတိုက်ကိုပဲပြန်ရောက်လာပါတယ်။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ရွှေဝါရောင် ၅ နှစ်ပြည့်ကို အဲဒီကျောင်းမှာ သူကိုယ်တိုင်ခေါင်းဆောင်ပြီး စည်စည်ကားကားလုပ်ခဲ့ပါတယ်ဗျာ။

ဦးပဏ္ဏိဝံသလို့ခေါ်တဲ့ ဦးပြည်ကျော် အကြောင်းကိုလည်း နည်းနည်းဖောက်သည်ချပါရစေ။ ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ အကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့သူပါ။ အခုအရင်အလုပ်မျိုးတွေ ပြန်လုပ်နေပြန်ပါပြီ။ ၈၈ အရေးအခင်းမှာလည်းပါခဲ့တယ်။ ၁၉၉၀ ကျတော့ တာမွေ၊ နန္ဒ၀န် ပါဠိတက္ကသိုလ်မှာ သပိတ်မှောက်ကံဆောင် ပြန်ပါရော။ ၂၀၀၇ မှာလည်း ထိပ်ဆုံးကပါပဲ။ မင်္ဂလာတောင်ညွန့် ရွှေတောင်ကျောင်းမှာရှိစဉ်က ဘုန်းကြီးနဲ့ မဆိုင်တာတွေ အကုန်လုပ်ခဲ့ပါတယ်။ တစ်လုံး(ဘောလုံး)၊ နှစ်လုံး၊ သုံးလုံးတွေရဲ့ ဒိုင်ချုပ်ဘုန်းဘုန်း ဖြစ်ပါတယ်။ ၂၀၀၂ လောက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းက ခင်ခင်ချို ဆိုတဲ့ အမျိုးသမီးနဲ့ ကျောင်းမှာအတူနေရာကနေ အဲဒီမိန်းမကိုယ်ဝန်ရပြီး ကလေးပျက်ကျခဲ့တယ်လို့သိရတယ်။ ၂၀၀၄ ကျတော့ ဘီးလင်းဘက်က မအိဆိုတဲ့ အမျိုးသမီးတစ်ဦးကို ကျောင်းပေါ်ကို ခေါ်လာခဲ့တယ်။ ကျောင်းမှာထားပြီး မွေးစားလိုက်တယ်(သဘောပေါက်မှာပါ)။ ကိုယ်ဝန် နှစ်ကြိမ်တိတိဖျက်ချခဲ့ရတယ်။ ဟုတ်မဟုတ် ကာယကံရှင်တွေ သိပါလိမ့်မယ်။ သံသယရှိခဲ့ရင် ကျောင်းဝန်းကျင်မှာ နေသူတွေကို မေးသာကြည့်ကြပါ။ အဲဒီပုဂ္ဂိုလ်က ထောင်ကထွက်လာတာနဲ့ ရွှေဝါရောင် ဖောင်ဒေးရှင်းဆိုပြီး ဖွဲ့လိုက်ပါရောဗျာ။

ယနေ့သာသနာတော်မှာ ဦးကောဝိဒနဲ့ ဦးပဏ္ဏိဝံသတို့လို အတုအယောင်တွေမရှိသင့်တော့ပါ။ အတုအယောင် လုပ်နေမဲ့အစား တကယ်နိုင်ငံချစ်ရင် လူဝတ်လဲပြီးပါတီထောင်ပါ။ လွှတ်တော်တက်စကားပြောကြပါ။ အရွေးခံရရင် သမ္မတလဲဖြစ်နိုင်ပါတယ်။ ဒီထက်ပိုပြီး သတ္တိကောင်းရင် စစ်တပ်ထဲသာဝင်လိုက်ကြပါ။ တိုက်ရည်ခိုက်ရည်ကောင်းရင် ရာထူးရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ထေရ၀ါဒနိုင်ငံဆိုလို့ မြန်မာတစ်နိုင်ငံတည်းရှိတယ်လို့ ကမ္ဘာကအသိအမှတ်ပြုထား ပါတယ်။ သာသနာတော်ညှိုးနွမ်းအောင် မလုပ်ကြပါနဲ့။

ဘုန်းဘုန်းတို့ဘုရား.... တပည့်တော်တို့က ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စတဲ့ ပစ္စည်းလေးပါး ဆက်ကပ် လှူဒါန်းတဲ့အခါ သာသနာအကျိုးသယ်ပိုးပြီး ၀ိနည်းသိက္ခာနဲ့ညီညွတ်လို့ ၀င်းလက်ကြည်လင်နေတဲ့ ဆရာတော်တွေရဲ့ မျက်နှာတော်တွေကိုဖူးရင်း ကြည်နူးစွာရေစက်ချလိုပါတယ်။ ဓာတ်ပုံထဲက ဦးကောဝိဒလို အရက်သေစာသောက်စားပြီး ကာမဂုဏ်လိုက်စားသူရဲ့ မျက်နှာမျိုးကို တပည့်တော်တို့ ရှာဖွေစုဆောင်းထားတဲ့ ချွေးနဲစာလှူဖွယ်ဝတ္ထုတွေ ဘယ်လို စိတ်ထားမျိုးနဲ့ လှူဒါန်းရမှာလဲဘုရား။ အရှုပ်ထဲမှာရှင်းအောင်နေဖို့ ဆရာတော် ဦးဇောတိက ဟောကြားတော်မူခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်းနေနိုင်ဖို့ သာသနာအတွက် အရှုပ်ဖြစ်နေသူတွေကိုလဲ ဖယ်ရှားရှင်းလင်း ပေးတော်မူကြပါဘုရား..

Myanmar Right

Friday, December 14, 2012

လိုင်ဇာမှာ အင်အားဖြည့် အစည်းအဝေး လုပ်ပြီးနောက်ပိုင်း KIA ဆောင်ရွက်လာမှုများ(အပိုင်း-၂)

From;မောင်ကျောက်ခဲ





၂၀၁၃မှာစစ်ရေးနိုင်ငံရေးဘက်စုံဖိအားပေးဖို့လိုင်ဇာမှာအင်အားဖြည့်အစည်းအဝေးလုပ်ပြီးနောက်ပိုင်းဆောင်ရွက်လာများသတင်းများ ဆက်လက်ရရှိလာပါသည် ။အဆိုပါ အချက်အလက်တို့မှာ .................................................................

 (၁) ပန်ဝါဒေသတွင် နယ်ခြားစောင့်တပ်များကို ပိတ်ဆို့ထိန်းချုပ်ပြီး အခြေချနေရာတစ်ခုအဖြစ် တည်ဆောက်ခြင်းဖြင့်တရုတ်နိုင်ငံနှင့် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်းဖွင့်လှစ်ရန် ကြိုးပမ်း ခြင်း
 ( ယင်းနေရာသည် ဖားကန့်မှ တရုတ်သို့ဆက်သွယ်သည့် အတိုဆုံးလမ်းကြောင်းဖြစ်သည်)။

 (၂) ဖားကန့်ဒေသကို လွတ်လပ်သောKIA နယ်မြေအဖြစ်တည်ဆောက်ပြီး ထိုဒေသမှ အစိုးရ၀န်ထမ်းများကိုနည်းမျိုးစုံဖြင့်ခြိမ်းခြောက်ပြီး နှင်ထုတ်နိုင်ရန်ကြိုးစားခြင်း။
 (၃) ဖားကန့်ဒေသရှိကုမဏီများ အပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံး၊ ခရီးသွားလုပ်သားပြည်သူ အားလုံး၊ နယ်မြေခံအားလုံး(၀န်ထမ်းအပါအ၀င်)ကို နည်းမျိုးစုံဖြင့် မတန်တဆ ဆက်ကြေးတောင်း ခံပြီး ငွေကြေးစုဆောင်းခြင်း။
(၄) ရသမျှ လူငယ်၊ လူကြီးမရွေး၊ ဘာသာလူမျိုးမရွေး၊ ယောကျာင်္းမိန်းမ မရွေး KIAတပ်သားသစ်အဖြစ်မဖြစ်မနေအမှုထမ်းစေခြင်း။

 (၅) တပ်သားသစ်အများစုကို KIA တပ်ဖွဲ့ဝင်ဟောင်းအနည်းငယ်ကဦးဆောင်ပြီး တပ်မတော်စခန်း များကို နေ့စဉ်နီးပါး နှောက်ယှက်ပစ်ခတ်စေခြင်း၊ မိုင်းထောင်စေခြင်း။

(၆) ငြိမ်းချမ်းရေးကွန်ယက်၊ ဘာသာရေးအသင်းအဖွဲ့၊ ရှေ့နေများအသင်းအဖွဲ့များတွင်၎င်းတို.အမာခံများထည့်သွင်းလာခြင်း။

(၇) UNFC တွင် နောက်ကွယ်မှသာ သွေးထိုးလှုံ့ဆော်နေခြင်း။

(၈) အစိုးရနှင့် ငြိမ်းချမ်းရေးမဆွေးနွေးတော့ပဲ လွှတ်တော်တွင် ၄င်းတို့တောင်းဆိုချက်များကိုသာ ဆွေးနွေးလာစေရန်နည်းမျိုးစုံဖြင့်ဆောင်ရွက်နေခြင်း ဆက်လက်ဖွင့်ချပါမည်... ။

Myanmar Right

Sunday, December 9, 2012

မြန်မာ့ပထမဦးဆုံး သန့်စင်ခန်းပါ ရွှေနန်းတော် အဝေးပြေး ကားသစ်များ ပြေးဆွဲတော့မည်


from;Myanmar Express

ရွှေနန်းတော် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှ မြန်မာ့ခရီးသွား ဧည့်သည်များ သက်သာလွယ်ကူ အဆင်ပြေစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အဝေးပြေးကားများဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေလတွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အသုံးပြုထားသော ကားများမှာ Young Man Company ၏ ဂျာမနီနည်းပညာဖြင့် ထုတ်လုပ်ထားသော ကားသစ်များ ဖြစ်သည့်အပြင် မြန်မာ့ပထမဦးဆုံး သန့်စင်ခန်း ပါဝင်သောကားများ ဖြစ်သောကြောင့် ခရီးသည်များသည် ကျန်းမာရေးအတွက် အဆင်ပြေစေနိုင်သည်။ ကားအတွင်းတွင်လည်း လေယာဉ်ထိုင်ခုံများကဲ့သို့ ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိစေသည့် ထိုင်ခုံများကို ထည့်သွင်း တပ်ဆင်ထားသည်။ ခရီးသည်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။ ထို့အပြင် ခရီးသည်များ အဆာပြေ စားနိုင်ရန်အတွက် ကော်ဖီ၊ အအေးနှင့် မုန့်များစသော အစားအသောက်များကိုလည်း ပြည့်စုံစွာ စီစဉ်ပေးထားပါသည်။ အအေးမခံနိုင်သော ခရီးသည်များအတွက် စောင်များထားရှိပေးခြင်း၊ လူခေါ်ဘဲလ်များ တပ်ဆင်ထားခြင်းကြောင့် လိုအပ်ပါက ဘဲလ်တစ်ချက်နှိပ်ရုံဖြင့် အဆင်ပြေစေနိုင်သည်။ ကျွမ်းကျင်သော ယာဉ်မောင်းများ ငှားရမ်းထားရှိခြင်း၊ ယာဉ်မထွက်ခင် ယာဉ်မောင်းများ အရက်သေစာ သောက်စားထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကား၏ ခိုင်ခံ့စွာ တည်ဆောက်ထားခြင်းတို့ကြောင့် ခရီးသည်များအား လုံခြုံမှုကို ပေးနိုင်သည်။ လက်မှတ်များ မှာယူရာတွင် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုရေးဆွဲထားသော Central Ticketing System ကို အသုံးပြုသွားမည်ဖြစ်သည်။ ၎င်း System မှာ မြန်မာနိုင်ငံ အဝေးပြေးလမ်းမကြီးများရှိ တိုးဂိတ်နှင့် အခြားအစိုးရ စီမံကိန်းများအတွက် Software များ ရေးဆွဲပေးသော ထိပ်တန်း Programmer ရေးဆွဲပေးထားသောကြောင့် ယုံကြည်စိတ်ချနိုင်သည်။ မကြာမီ အချိန်အတွင်းတွင် Online Ticketing System ကို အသုံးပြုကာ လက်မှတ်များကို တစ်ဆင့်မှာယူနိုင်ရန် စီစဉ်ထားသည်။ ခရီးသည်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Reward Card Program ကို စီစဉ်ထားသည်။ ၎င်းအစီအစဉ်တွင် ခရီးသည်များ အနေဖြင့် ခရီးသည်၏ အမည်နှင့် ခရီးသွား အကြိမ်အရေအတွက်ကို Points များဖြင့် မှတ်ထားပေးမည့် Card တစ်ခု ရယူခြင်းအားဖြင့် အဖွဲ့ဝင်ဖြစ်လာပြီး တစ်ကြိမ် စီးနင်းလိုက်ပါတိုင်း လက်မှတ်အရောင်းဌာနတွင် ပြကာ 10 Points ရယူနိုင်ပါသည်။ မိမိရရှိထားသော Points များဖြင့် ipod, Note book, LCD TV နှင့် ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးစဉ် အစရှိသော လက်ဆောင်ပစ္စည်းများဖြင့် လဲလှယ်သွားနိုင်မည်။ လက်ဆောင် လဲလှယ်နိုင်သည့် သူများကို ‘ရွှေနန်းတော်’ Facebook နှင့် Website တွင် လစဉ်ကြော်ငြာ ပေးသွားမည်။ ခရီးသည်များအတွက် Member card များမှာ Silver Membership Card နှင့် Gold Membership Card ဟု နှစ်မျိုးခွဲထားပြီး အရေအတွက် များလာသည့် ခရီးသည်များကို Gold Membership အဖြစ် ပြောင်းလဲ ပေးသွားမည်။ ယင်းကတ်ကို ရယူခြင်းအားဖြင့် လက်မှတ်ကို ကိုယ်တိုင်သွားရောက် ဝယ်ယူရန် မလိုဘဲ ကြိုတင်မှာယူနိုင်ခြင်း၊ အခါအားလျော်စွာ အထူးဈေးနှုန်းဖြင့် လိုက်ပါစီးနင်းနိုင်ခြင်း စသော အကျိုးခံစားခွင့်များ ရရှိနိုင်သည်။ ဝန်ထမ်းများကိုလည်း ကျန်းမာရေး၊ ပညာရေးနှင့် ငွေကြေးအစရှိသော လိုအပ်သော အကူအညီများ ပေးထားသည်။ မိမိ၏ ခရီးသွားဧည့်သည်များနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ကူညီဖြည့်ဆည်း ပေးခြင်းအားဖြင့် မိမိ၏ လုပ်ငန်းအပေါ်တွင်လည်း ယုံကြည်အားထားကာ အစဉ်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ယဉ်ကျေးသော ဝန်ထမ်းများဖြင့် ခရီးသွားများကို ဆက်ဆံရေးကအစ ပြေပြစ်ချောမွေ့စွာ ဆောင်ရွက်ပေးသွားမည်ဟု သိရှိရကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။  

Myanmar Right

လူဦးရေတိုးပွားနှုန်းကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြည်ပမီဒီယာများ၏ ဖော်ပြချက် မှန်ကန်ခြင်းမရှိကြောင်း သက်သေပြနိုင်


From; Myanmar Express

လူဦးရေတိုးပွားနှုန်းကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြည်ပမီဒီယာများ၏ ဖော်ပြချက် မှန်ကန်ခြင်းမရှိကြောင်း သက်သေပြနိုင်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး
ကပြောသည်။

ရခိုင်ပြည်နယ်အခြေအနေများနှင့် စပ်လျဉ်း၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကာတာအခြေစိုက် အယ်လ်ဂျားဇီရားသတင်းဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်လွှင့်မည့်ရုပ်သံအစီအစဉ်နှင့် ပတ်သက်၍ ၀န်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံအစီအစဉ်ကို Geonocide (လူမျိုးတုန်းသတ်ဖြတ်မှု) ဟု ခေါင်းစဉ်တပ်ထားကြောင်း၊ ၁၉၈၀ ၀န်းကျင်က ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုး နှစ်သိန်းခွဲခန့်ရှိပြီး ယခု ၂၀၁၂ ခုနှစ်တွင် တစ်သန်းရှိကြောင်း၊ သို့ဖြစ်၍ မျိုးတုန်းသတ်ဖြတ်မှု ရှိ၊ မရှိကို ဦးနှောက်သုံး၍ စဉ်းစားသိရှိနိုင်ကြောင်း ၀န်ကြီးကပြောကြားခဲ့သည်။


Myanmar Right

ကမ်းရိုးတန်းတလျှောက် အဆင့်မြင့် ခေတ်မှီရေယာဉ်များ တိုးချဲ့ပြေးဆွဲမည်

From;Myanmar Express

ဧရာဝတီ-ချင်းတွင်း-သံလွင်မြစ်များနှင့် ရခိုင်-တနသာင်္ရီကမ်းရိုးတန်းတလျှောက်တွင် ခရီးသည်တင် အဆင့်မြင့် (စပိဘုတ်) ခေတ်မှီရေယာဉ်များ ပြေးဆွဲသွားမည် ဖြစ်ကြောင်း အလင်းသစ် သင်္ဘော ရေကြောင်းလိုင်းမှ သိရှိရသည်။  
ထိုသို့ ပြေးဆွဲပေးနိုင်ရန်အတွက် အဆင့်မြင့်ခေတ်မှီ (စပိဘုတ်) အမြန်ယာဉ်များအား မလေးရှားနိုင်ငံမှ (၁၀)စင်း၊ စင်္ကာပူနိုင်ငံမှ (၂၀)စင်း၊ ဂျပန်နိုင်ငံမှ(၂၀)စင်း တို့မှ အသီးသီး မှာယူထားပြီး ၂၀၁၃ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

"ခရီးသည်တွေ အချိန်ကုန်သက်သာအောင်လို့ ဒီလိုစပိဘုတ်များ တိုးချဲ့ပြေးဆွဲသွားမယ်၊ အခုဆို ဂျပန်တို့၊ကိုရီးယား တို့ကနေ ရေကြောင်းနဲ့ကုန်သွယ်ဖို့ ကမ်းလှမ်းထားတာရှိတာမို့ စပိဘုတ်စီးရေကို (၃)လတခါလောက်တိုးချဲ့ပြီး အစီး(၃၀၀)လောက်ထိ တိုးချဲ့သွားဖို့ရှိပါတယ်” ဟု အလင်း သစ် သင်္ဘောရေကြောင်းလိုင်းမှ ဥက္ကဌ ဦးတာနိုင်က ပြောသည်။  

လက်ရှိတွင် အလင်းသစ်သဘောင်္ရေကြောင်းလိုင်းမှ မြန်မာ့ကမ်းရိုးတန်းပင်လယ်ပြင်တွင်း သင်္ဘော ရေယာဉ် အစင်းပေါင်း (၄၀)ဖြင့် ပြေးဆွဲပေးလျှက်ရှိကြောင်း ၄င်းရေကြောင်းလိုင်းမှ သိရှိရသည်။  
အဆိုပါ ခရီးသည်တင် အဆင့်မြင့် ခေတ်မှီရေယာဉ်များကို ၂၀၁၃ခုနှစ် မတ်လကုန်ပိုင်းမှစတင်၍ ပြေးဆွဲ သွားမည်ဖြစ်ပြီး ရေယာဉ်အမျိုးအစား A-HSC-CODE-2022,WORK BOOT,AIR သုံးထပ် အမြန်ရေယာဉ်တို့ဖြင့် တနသာင်္ရီကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းဒေသများဖြစ်သော ကော့သောင်း-မြိတ်-ထားဝယ်-မော်လမြိုင်-ရန်ကုန်-ပုသိမ်-သံတွဲ-တောင်ကုတ်-မြောက်ဦး-စစ်တွေ မြို့ခရီးစဉ်များသို့ အဓိကထားပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရှိရသည်။  
ထိုရေယာဉ်များပေါ်တွင် ခရီးသည်များအဆင်ပြေစွာသွားလာနိုင်ရန်အတွက် ဆရာဝန်တစ်ဦး၊ သူနာပြု(၄)ဦး၊  ရေကူးကျွမ်းကျင် ၀န်ထမ်း(၆)ဦးပါဝင်ကာ လ္ဘက်ရည်၊ အအေး၊ နေ့လည်စာများ ကိုလည်း ၀န်ဆောင်မှုအနေဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရီးစဉ်များအတွက် ရေယာဉ်ကြာမြင့်ချိန်များအား နေ့ချင်းပြန် အနည်းဆုံး အချိန်(၅)နာရီမှ အများဆုံး အချိန်(၁၁) နာရီ သတ်မှတ်ထားပြီး ခရီးစဉ်ပေါ်မူတည်၍ လက်မှတ် နူန်းထားများ အသီးသီး သတ်မှတ် ထားကြောင်းကိုလည်း သိရှိရသည်။

 ပြေးဆွဲ့မည့် ခရီးစဉ်နှင့် တစ်ဦးချင်း (ပြည်တွင်း/ပြည်ပခရီးသည်)သတ်မှတ် လက်မှတ်နူန်းထားများ
*******************************************************************

စတင်ပြေးဆွဲမည့် လ
   
ခရီးစဉ်
   
ပြည်တွင်း ခရီးသည်
   
နိုင်ငံခြားခရီးသည်

မတ်လ (၂၇)ရက်
   
(၁)မန္တလေး-ပုဂံ-ညောင်ဦး-ဗန်းမော်
   
     ကျပ် ၄၀၀၀၀ (လေးသောင်း)
   
      အမေရိကန်ဒေါ်လာ (၆၀)

မေလ (၃၀)ရက်
   
(၂)မုံရွာ-တမူး၊ မုံရွာ-ဟုမ္မလင်း
   
      ကျပ် ၄၀၀၀၀ (လေးသောင်း)
   
      အမေရိကန်ဒေါ်လာ (၆၀)


  (၃) 
ဟုမ္မလင်း-ခန္ဓီး
   
      ကျပ် ၂၀၀၀၀ (နှစ်သောင်း)
   
      အမေရိကန်ဒေါ်လာ (၃၀)

(၄)ဟုမ္မလင်း-ဆယ်စင်း
   
     ကျပ် ၃၀၀၀၀ (သုံးသောင်း)
   
     အမေရိကန်ဒေါ်လာ (၅၀)

ဇွန်လ (၂၅)ရက်
   
(၅)ရန်ကုန်-မြိတ်
   
    ကျပ် ၆၀၀၀၀ (ခြောက်သောင်း)
   
     အမေရိကန်ဒေါ်လာ (၈၀)


  (၆)
ရန်ကုန်-ကော့သောင်း
   
       ကျပ် ၈၀၀၀၀ (ရှစ်သောင်း)
   
       အမေရိကန်ဒေါ်လာ (၁၀၀)

ဇွန်လ (၂၇)ရက်
   
(၇)ရန်ကုန်-မော်လမြိုင်-ဘားအံ-ကော့ကရိတ်-မြ၀တီ
   
     ကျပ် ၄၀၀၀၀ (လေးသောင်း)
   
      အမရိကန်ဒေါ်လာ (၆၀)

ဇူလိုင်လ (၃၁)ရက်
  

(၈)ရန်ကုန်-သံတွဲ-တောင်ကုတ်-ကျောက်ဖြူ-စစ်တွေ-မြောက်ဦး-မာန်အောင်
   
      ကျပ် ၄၀၀၀၀ (လေးသောင်း)
  

        အမေရိကန်ဒေါ်လာ (၆၀)


 

Myanmar Right

ရခိုင်ပြည်နယ် ပဋိပက္ခ ကြိုးကိုင်သူများကို ပြည်သူလူထုထံ အသိပေးမည်


်From;Myanmar Express

တစ်ကျော့ပြန်ပဋိပက္ခကြောင့်လူပေါင်း၉၀နီးပါး သေဆုံးခဲ့သောရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင် လှုံဆော်လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထုထံပွင့်ပွင့်လင်းလင်းချပြအသိပေးသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ ဒီဇင်ဘာ
၈ရက်နေ့ ညနေပိုင်းတွင်ရန်ကုန်မြို့ရှိနုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“အခုက စုံစမ်းဖော်ထုတ်ဆဲ ပဲရှိသေးတယ်။ စုံးစမ်းဖော်ထုတ်ပြီးပြီ။ အထောက် အထားတွေ ခိုင်လုံသွားပြီဆိုရင် အားလုံးသိ အောင်ချပြပေးသွား မယ်။အားလုံးသိအောင် ရှင်းပြပေးသွားမယ်“ မယ်ဟု ရဲချုပ်ကဆိုသည်။။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုံဆော် လှုပ်ရှား သူများသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခုလုံးတွင်ရှိပြီး ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်ပတ်သက်သူများကိုတရားဥပဒေအရအရေးယူရန်ထိန်းသိမ်းထားပြီြး ဖစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်းမီဒီယာများကိုနိုဝင်ဘာလ ၂၁ရက်နေ့တွင် ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာသံအမတ်များတက်ရောက်ခဲ့သည်။.

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံရေးပါတီ၊ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများနှင့်အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ် သက်နေသည့် အထောက်တွေ့ရှိရပြီး နောက်ကွယ်မှကြိုးကိုင် လှုပ်ရှားနေသူများကို နိုင်ငံ တော်က စတင်စစ်ဆေးအရေးယူ လျှက်ရှိပြီး ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သောဆူပူ အကြမ်း ဖက်မှု များကြောင်း သေဆုံးသူ (၁၆၇) ဦး၊ ဒဏ်ရာ ရရှိသူ(၂၂၃)ဦး၊အိမ်ထောင်စုပေါင်း (၁၆,၉၈၀)၊ လူဦးရေ (၁၁,၁၀၀၀)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေကြကာ အိုးအိမ်နှင့်အဆောက်အဦး(၁၀,၁၀၀)လုံး အပျက်အစီး ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့သည်။


Myanmar Right

Saturday, December 8, 2012

Facebook ပေါ်က တိုင်းပြည်ပျက်စေချင်တဲ့ အစွန်းရောက်များသို့ အိပ်ဖွင့်ပေးစာ


From;Myanmar Express

အမှန်ပြောတာ အဲဒီမှာ မီးလောင်အောင် လုပ်လို့ ဘုန်းကြီးတွေ မီးလောင်တာကို အဲလောက် စိတ်မဆင်းရဲဘူး။ ဖေ့ဘွတ်က လူတွေ အဲလို အတွေးအခေါ်တွေ ဖြစ်နေတာကို စိတ်ဆင်းရဲတယ်။ ဘယ်နားကြည့်ကြည့် ဘယ် Comment ကြည့်ကြည့် စိတ်ဆင်းရဲစရာတွေ ချည်းပဲ။ ချဟေ နှက်ဟေ့ လုပ်နေကြတာ။ တကယ်ပြောတာ အရွံဆုံးက အဲလိုလူတွေပဲ။ အရင်ခေတ်တုန်းက မပြောပါဘူး မလုပ်နိုင်ဘူး
 သေနတ်နဲ့ အပစ်ခံရမှာ ဘာညာ။ အခုခေတ်မှာ ပြန်လုပ်စရာတွေ အများကြီး ကောင်းအောင် လုပ်နိုင်တဲ့ကိစ္စတွေ အများကြီး။ အမှန်အတိုင်းပြောရင် အဓိကက Online ကလူတွေ အများစုက တဖြည်းဖြည်းနဲ့ ကျောင်းတက်ရမှာ စိုးလို့ ငလျင်လှုပ်ပါစေ မိုးအကြီးအကျယ် ရွာပါစေ မုန်တိုင်း တိုက်ပါစေ ဆုတောင်းနေကြသလိုပဲ။ တကယ်ပါ စိတ်ဆင်းရဲတယ်၊ မြှောက်ပေးနေတဲ့သူတွေရော မြှောက်ပေးခံနေရတဲ့သူတွေရော။

အခုထိ စိတ်ထဲမှာ ထင်နေတာကတော့ အစိုးရနဲ့ ပြည်သူပြေလည်ပြီး တိုင်းပြည်တိုးတက်လာရင် သူတို့စားပေါက်ပျောက်မှာကို စိုးရိမ်နေတဲ့ Project တွေလုပ်စားနေတဲ့ ပြည်ပနေ လူတစ်စုရယ်၊ အစိုးရ နဲ့ ပြည်သူပြေလည်ပြီး စည်းကမ်းတကျ လုပ်လာတာနဲ့ ခိုးထားဝှက်ထားတာတွေ ပေါ်မယ်။ လူကြားထဲ အရှက်ကွဲမယ်။ ပိုက်ဆံတွေ ဆုံးရှုံးမယ်လို့ စိုးရိမ်နေတဲ့သူတွေ၊ အဲဒီ အုပ်စု နှစ်စု ပေါင်းမိနေပုံရတယ်။ ဒါပေမယ့် အစိုးရနဲ့ အတိုက်အခံက အခုအချိန်ထိ သိပ်ပြီး ပေါင်းလို့မရသေးဘူး၊ အစိုးရကလဲ အတိုက်အခံ ပြောသမျှ သဘောတူလို့ မရတဲ့ကိစ္စတွေရှိတယ်။ အတိုက်အခံကလဲ အစိုးရပြောတာကို မှန်တယ်လို့ ထင်တောင်မှ မယုံရဲတာရယ်၊ လမ်းကြောင်းပြောင်းသွားပြီ လို့ အပြောခံရမှာ ကြောက်ရတာရယ် တနည်းအားဖြင့် နိုင်ငံရေးအရ သေမှာစိုးတာပေါ့။ အဲဒီတော့ ဒီဘက်က အဖွဲ့ က ပေါင်းဖို့ကို တကျီကျီ ညှိနေရတုန်းရှိသေးတယ်၊ အပြင်က အဖွဲ့နဲ့ အတွင်းက သူခိုးများကတော့ စကားသိပ်ပြောစရာ လိုမယ်မထင်ဘူး အဓိက ပိုက်ဆံနဲ့ ညှိလိုက်ရင် ပြီိးသွားတာပဲလို့ထင်တယ်။

ဘာလို့ အဲဒီလိုမြင်တာလဲ ဆိုတော့ အစိုးရနဲ့ ပြည်တွင်းကအတိုက်အခံ တွေက အင်တာနက်တို့ Social Networking တို့နဲ့ နည်းနည်းတော့ အလှမ်းဝေးတယ်။ ဒါပေမယ့် ပြည်ပရောက် စားပေါက်ပျောက်မှာ စိုးသူများနဲ့ ခိုးသားများကတော့ အဲဒါမျိုးတွေ မှာ အစောကြီးကတည်းက အားသန်တာ အမှန်ပဲ။ အဲဒါကြောင့်မို့ ဒီလိုမျိုးတွေ ဖြစ်တဲ့ အချိန်မှာ ဘာမှ ရေရေရာရာ အကြောင်းပြချက် မပြောဘဲ ခံစားရတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး အလကားသက်သက် Online ကနေ သွေးလိုက်ဆွနေတဲ့ သူတွေက များသောအားဖြင့် ခုနက ပြောခဲ့တဲ့ စားပေါက်ပျောက်သူများနဲ့ ဦိးပိုင်အဖွဲ့က ဖြစ်ဖို့များတယ်။ အင်တာနက်ပေါ်က လူတွေက လဲ များသေားအားဖြင့် Peer Pressure ကို မခံနိုင်တဲ့သူတွေများတယ် ဆိုတော့ ဆွတဲ့အဖွဲ့အတွက် အင်တာနက်ပေါ်မှာ ထောက်ခံသူတွေ များများရဖို့ သိပ်မခက်လှဘူး။

နောက်တစ်ချက်က အခုလိုဖြစ်လိုက်တဲ့ ကိစ္စမှာ တကယ်တမ်း နစ်နာတဲ့သူကို ပြန်စဉ်းစားရင် ကောင်းအောင် ပြန်လုပ်ချင်နေတဲ့ အစိုးရရယ် အစိုးရနဲ့ တွဲပြီိး ငြိမ်းငြိမ်းချမ်းချမ်း လုပ်မယ် ဆိုတဲ့ အတိုက်အခံရယ်၊ ပြည်သူရယ် ပဲ။ အကျိုးရှိတဲ့သူတွေ ကို ပြန်ကြည့်ရင်တော့ ခုနက ဦးပိုင် လိုဟာမျိုးရယ် မြန်မာနိုင်ငံမှာ ပြသနာတက်တာနဲ့ အလှူခံမယ် လူတွေရယ်ပဲ။ အမှတ်တမဲ့ကြည့်ရင် ဦးပိုင်က ပြသနာ တက်တာပေါ့ လို့ထင်ရတယ်၊ ဒါပေမယ့် သွေးအေးအေးနဲ့ အကျိုးနဲ့အကြောင်းနဲ့ ဆန္ဒပြနေရင် တရားဥပဒေထဲကနေပဲ ကြိုးစားနေမယ် ဆိုရင် ရေရှည်မှာ အများကြီိးပိုနစ်နာနိုင်တယ်။ တကယ်တမ်းဆို ရိုးရိုးလေး ဒီစာချုပ်မှာ ဘာတွေပါသလဲ ဆိုတာကနေ စပြီး ရှင်းပြပါလို့ ဆိုရင် ဘယ်လိုမှ ငြင်းလို့ရမှာ မဟုတ်ဘူး။ အချိန်ဆွဲကောင်းဆွဲနိုင်တယ် ဒါပေမယ့် ငြင်းလို့မရဘူး။ အဲဒီကနေပြီး မတရားတဲ့ စာချုပ်ကို ဘာလို့ ချုပ်ရတာလဲ ပိုက်ဆံတွေ ဘယ်မှာလဲ ဆိုရင် ယူထားတဲ့သူတွေကို တရားစွဲလိုရပြီ။ တပြိုင်တည်းမှာပဲ အန်တီစုတို့ဘက်က တရားဥပဒေ စိုးမိုးရေးဘက်ကနေပြီး တရားရုံးတွေမှာ တရားမျှတအောင် လုပ်နေတယ် အာရုံစိုက်နေတဲ့ အခါကျတော့ အချိန်ကြာရင်ကြာမယ် ဒါပေမယ့် အခုလိုဖြစ်သွားတာထက် အများကြီး ပြည်သူတွေအတွက် ကြိမ်းသေပေါက် အကျိုးသက်ရောက်မှု ရှိမှာပဲ။ မကောင်းတဲ့သူတွေ လျော့သွားမယ်။ ဦးပိုင်အတွက်ကတော့ အဲဒီလို စိတ်အေးလက်အေးဇွဲရှိရှိနဲ့ တရားရုံးကနေ တရားစွဲခံရမ့် ကိစ္စဟာ အိမ်မက်ဆိုးပဲ။ လက်နက်ကိုင်ပြီိးတိုက်တာက သူပုန်ပဲဖြစ်မှာပါ။ တရားရုံးမှာ တိုက်တာကမှ တကယ့် အကျိုးသက်ရောက်မှုရှိမှာပါ။

အဲဒီမှာ ကြားထဲက နစ်နာသွားတဲ့သူတွေကတော့ သံဃာတော်တွေပါပဲ။ အခု အဲဒီကြေးနီတောင်ဟာ မြစ်ဆုံနဲ့ လုံးလုံးမတူသလို အခုသံဃာတော်တွေကလဲ ရွှေဝါရောင်နဲ့ တူမှာ မဟုတ်ပါဘူး။ အရင်ရွှေဝါရောင်တုန်းက ဘုန်းကြီးတွေ ကိုယ့်သဘောနဲ့ ကိုယ်ထွက်လာခဲ့တာပါ။ လူတွေဒုက္ခရောက်လွန်းလို့၊ အခုကိစ္စမှာတော့ ဘုန်းကြီးတွေကို အရှင်ဘုရားတို့ ကယ်တင်လို့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီနဲ့ နီးစပ်လာတာပါ။ အခုလဲ အရှင်ဘုရားတို့ လုပ်ကြပါဦးလို့ လာပြောတဲ့သူတွေ ရှိပါလိမ့်မယ်။ နောက်ပြီိး ဘုန်းကြီးတွေကိုပဲ သပိတ်စခန်းမှာ ထားခဲ့ပြီး အနစ်နာဆုံး ဖြစ်အောင် လုပ်တဲ့သူတွေ ရှိပါလိမ့်မယ်။ အသေးစိတ်ဘယ်လိုလုပ်ရမယ် ဆိုတာကတော့ စဉ်းစားကြည့်ရင် သွေးဆူနေတဲ့ ဘုန်းကြီးတွေ မြှောက်ပေးရတာ လွယ်တယ်ဆိုတာ သိသာပါတယ်။ တကယ်တမ်းတော့ သိမ်ဆိုတာက အကြောင်းပြတာပါ။ နောက်ပြီး အဲဒီသိမ်နဲ့ ပါတ်သက်ပြီး မထိဘူးလို့လဲ ပြောထားမျိုးတွေ့ရပါသေးတယ်။ အမှန်အတိုင်းပြောရင် ဘုန်းကြီးတွေကလဲ အညာခံရတဲ့ သံဃာတော်တွေ ပါသလို သွေးဆူပြီး သံဃာအလုပ်ထက် ပိုပြီိး နာမည်ကြီးချင်တာ၊ ကိုယ့်ရဲ့ အလုပ်မဟုတ်တာကို ၀င်ပါတာတွေကြောင့် ခံရတဲ့ ဘုန်းကြီိးတွေလဲ ပါပါတယ်။ ခင်ဗျားလဲ ဗမာ ဗုဒ္ဓဘာသာ ကျုပ်လဲ ဗမာ ဗုဒ္ဓဘာသာ အချင်းချင်းမို့ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေ အားလုံးဟာ အလွန်တရာမှ ၀ိနည်းနဲ့ ညီညွတ်ပြီး သင်္ကန်းဝတ်နေရက်နဲ့ ပါရာဇိက ကျနေတဲ့ ဘုန်းကြီးတွေ မရှိပါဘူး လို့တော့ အတင်း မျက်စိစုံမှိတ်ငြင်းနေစရာ မလိုဘူးထင်တာပဲ။

အဲဒီတော့ ခြုံကြည့်ရင် ဘုန်းကြီိးတွေကို အဲဒီနေရာရောက်အောင်ပို့ အချိန်ကိုက်ပြီး ဘုန်းကြီိးတွေကို တဖက်ကဆွ နောက်တဖက်ကို ရွေးစရာလမ်းမရှိအောင် လုပ်။ပြသနာဖြစ်လာတာနဲ့ တပြိုင်နက် ၀ိုင်းဝန်းပြီိး ရေးကြ ပြောကြ ဘာသာရေး အကြောင်းပြပြီိး ပြောကြ စစ်အစိုးရ ဘာညာ ဆိုပြီး လုပ်ကြ။ ရခိုင်ပြသနာ မွတ်စလင်ပြသနာကိုပါ ဆွဲထည့်လိုက်သေး။ ဒါပေမယ့် သူတို့ မလုပ်နိုင်တာ တစ်ခုရှိတယ် အဲဒါက တကယ်တမ်း လက်တွေ့မြင်နေရတဲ့ သူတွေပဲ။ အခုအန်တီစုအဲဒီကို သွားတာနဲ့ တချို့ကတော့ အတင်းကြီးကို ဒရန်မာတွေဘာတွေ လုပ်တာပေါ့ဗျာ ဒါပေမယ့် လူတွေ တော်တော်များများက ပျော်ပျော်ရွှင်ရွှင် ကြိုနေကြတာပဲ။ ဖေ့ဘွတ်ပေါ်မှာ ပြောနေကြတာကတော့ ကမ္ဘာပျက်သလား အောက်မေ့ရတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ လူတွေက ဘယ်လိုလုပ်ရမယ်သာ မသိတာ ဘယ်သူမှ အတင်းအကြပ်တွေ မလုပ်ချင်ဘူး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တယ် မတရားလုပ်တာ မကြိုက်ဘူး ဆိုတဲ့သူတွေပဲ များပါတယ်။ အန်တီစုကို ဟိုဘက်ဒီဘက် ပြောရမလွယ်အောင် ထပ်လုပ် အခုလိုပြောတော့ ထပ်ပြီး ပြသနာရှာ အဲဒါက ဖေ့ဘွတ်ပေါ်မှာပဲ အလုပ်ဖြစ်မှာပါ လက်တွေ့မှာတော့ လူတွေက အန်တီစု စကားနားထောင်ပြီိး အေးအေးချမ်းချမ်း ပြီးသွားမယ် လို့ မျှော်လင့်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ ကိုယ့်လိုပဲ ဖေ့ဘွတ်ပေါ်ကနေဖတ်ပြီးစိတ်ဆင်းရဲနေတဲ့သူများ ရှိရင် အဲလောက်ကြီးတော့ စိတ်မဆင်းရဲပါနဲ့ တကယ့် လက်တွေ့မှာ အေးအေးချမ်းချမ်း ပြီးသွားမယ်လို့ မျှော်လင့်ကြောင်း ပြောချင်ပါတယ်။

Myanmar Right

နေအိမ်မီးရှို့ခံ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များအား ကျေးဇူးရှင်တရုတ်နိုင်ငံမှ တိုက်ဆောက်ပေးမည်


From;Myanmar Express

ရခိုင်ပဋိပက္ခကြောင့် မီးလောင်ပျက်စီးခဲ့သော အိမ်ရာအစား ကျပ်သိန်း ၄ဝ ကျော်တန်ဖိုးရှိ ရယ်ဒီမိတ်နှစ်ထပ်တိုက်အိမ်များကို စစ်တွေ၌ တရုတ်အကူအညီဖြင့် ဆောက်လုပ်ပေးရန်ရှိသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအရာရှိ ဦးသန်းထွဋ် ဆွေက ပြောသည်။

စတုရန်းပေ ပတ်လည် ၂၁ ပေ X ၁၅ ပေရှိပြီး ရေချိုးခန်း၊ အိမ်သာပါပူးတွဲပါဝင်သည့် နှစ်ထပ် အိမ်များကို ပြည်နယ်အစိုးရနှင့် တိုင်ပင်၍ စစ်တွေမြို့တွင် ၂ဝ၁၃ ခုနှစ်၌ စတင်ဆောက်လုပ်ပေး သွားနိုင်ခြေရှိသည်ဟု ၄င်းကပြော သည်။ ”တရုတ်က ပို့မှာကတော့ အလုံး ၁ဝဝဝ၊ ပထမအသုတ် အနေနဲ့အလုံး ၃၅ဝအရင်လာမယ်။ ရန်ကုန် ဆိပ်ကမ်းအထိကို တရုတ် က အရောက်ကူညီပေးမယ်။ ရခိုင် အရောက်ကတော့ မြန်မာဘက်က တာဝန်ယူရမယ်”ဟု ဦးသန်းထွဋ် ဆွေကဆက်လက်ပြောသည်။

ကွန်က ရစ်ကြမ်းခင်း တစ်ပေခွဲ နှင့် ဘေးပတ်လည်တွင် ရေလမ်း၊ မီးလမ်းလုပ်ပေးရမည့် ကုန်ကျငွေကို မြန်မာဘက်က တာဝန်ယူမည်ဟု သိရသည်။၂ဝ၁၂ စက်တင်ဘာလ ကတည်းက အဆိုပါ အိမ်အလုံး ၁ဝဝဝ အကူအညီပေးရေးကို နှစ် နိုင်ငံသဘောတူညီခဲ့ပြီး ဖြစ်သည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ သိရသည်။တရုတ်ဘက်က ပေးပို့လာ မည့် အိမ်အလုံး ၁ဝဝဝ ကို ရခိုင် အပြင် ကချင်တွင်ပါ ခွဲဝေဆောက် လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ၄င်းကထပ်လောင်းပြောသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရ၊ လူမှု ဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုက္ခသည်များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး CARE Myanmar တို့က မောင်တောတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း အိမ်ရာ၅၅၂ လုံးကိုဆောက်လုပ်လျက်ရှိသည်။ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန် မှုအရ ရခိုင်ပဋိပက္ခကြောင့် နေအိမ် နှင့် အဆောက်အအုံ တစ်သောင်း တစ်ထောင်မီးရှို့ခံခဲ့ရပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။


Myanmar Right

အမေရိကန်သံရုံးကား ဒက္ကားတွင် တိုက်ခိုက်ခံရ

From;Myanmar Express

အမေရိကန်သံရုံးက ကားတစ်စီးဟာ မနေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
လက်ရှိ အစိုးရကို အတိုက်အခံ ပြုလုပ်နေတဲ့ ပါတီတွေထဲက ဒုတိယ အင်အား အကြီးမားဆုံး ပါတီ တစ်ခု ဖြစ်တဲ့ ဂျာမတ် အစ္စလာမ်မစ်က ပြုလုပ်တဲ့ နိုင်ငံနဲ့ အ၀န်း အသွားအလာ ရပ်ဆိုင်းရေး တစ်ရက်တာ ခေါ်ယူတဲ့ သပိတ် အတွင်းမှာ  ခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မူကြောင့် ကားပေါ်မှာ ပါလာတဲ့ ဒရိုင်ဘာဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်။
အခုလို တိုက်ခိုက်တာကို အမေရိကန် သံရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး ဒီတိုက်ခိုက်မူဟာ နိုင်ငံတကာ မိသားစုတွေ အကုန်လုံးကို စော်ကားတဲ့ လုပ်ရပ်လို့ ပြောဆိုလိုက်ပါတယ်။
အမေရိကန် သံရုံး ပြောခွင့်ရသူ Kelly McCarthy  က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အမေရိကန် သံတမန်တွေ အပါအ၀င် နိုင်ငံတကာ သံတမန်တွေရဲ့ လုံခြုံရေးနဲ့ ပိုင်ဆိုင်မူတွေကို ကာကွယ်ပေးရေး အတွက် လုံခြုံရေး တိုးမြှင့်တာဝန်ယူပေးဖို့ တောင်းဆို လိုက်ပါတယ်။
အဲဒီ အမေရိကန် သံတမန်ကားဟာ လေယာဉ်ကွင်းကို သွားတဲ့ လမ်းမှာ တိုက်ခိုက်ခံရတာ ဖြစ်ပြီး ဒရိုင်ဘာ တစ်ဦးနဲ့ ရဲတွေ အများအပြား ဒဏ်ရာ ရတယ်လို့လည်း  ပြောဆိုပါတယ်။
တိုက်ခိုက်သူတွေဟာ ကားကိုပါ မီးတင်ရှို့ဖို့ ကြိုးစားခဲ့ကြပြီး ရဲတွေ အချိန်မှီ ရောက်ရှိလာတဲ့ အတွက် အဲဒီ နေရာကနေ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
မနေ့က နိုင်ငံ အ၀န်း ခေါ်ယူတဲ့ တရက်တာ သပိတ် အတွင်း ဂျာမတ် အစ္စလာမ်မစ်နဲ့ အစ္စလာမ်မစ် ချိဘီလို့ ခေါ်တဲ့ လက်အောက်ခံ ကျောင်းသား အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တဲ့ အတွက် ဒါဇင်နဲ့ ချီတဲ့ ကားတွေ မီးလောင်ကျွမ်းခဲ့ပါတယ်။
ဘင်္ဂလာရဲအဖွဲ့နဲ့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေအကြား တုတ်၊ အုတ်ခဲကျိုး စတာတွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မူတွေလည်း ဖြစ်ပေါ်ခဲ့တဲ့ အတွက် ရာနဲ့ ချီတဲ့ လူတွေ ဒဏ်ရာ ရရှိခဲ့ပြီး တနိုင်ငံလုံးမှာ လူပေါင်း ၂၃၈ ဦး  ဖမ်းဆီးခံခဲ့ရပါတယ်။
ဂျာမန် အစ္စလာမ်မစ် ပါတီက သူတို့ရဲ့ ပါတီ ထိပ်တန်း ခေါင်းဆောင်တွေကို ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွှတ်လပ်ရေး အတွင်း ပါကိစ္စတန် စစ်သားတွေနဲ့ ပူးပေါင်းပြီး လူအများအပြားကို သတ်ဖြတ် ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ စစ်ရာဇ၀တ်မူ ဆိုင်ရာ ခုံရုံးမှာ ဖမ်းဆီးထားပြီး တရားရုံးက များမကြာမှီ အမူကို ဆုံးဖြတ်မှာ ဖြစ်တာကြောင့် ဒါကို ကန့်ကွက်တဲ့ အနေနဲ့ ခုလို ဆန္ဒပြပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆုံး ရရှိတဲ့ သတင်းအရ အခုလို သံရုံးကားကို တိုက်ခိုက်တဲ့ အတွက် ဂျာမတ် အစ္စလာမ်မစ် ပါတီက အမေရိကန် သံရုံးကို တောင်းပန်လိုက်တယ်လို့  သူတို့ဝက်ဆိုက်မှာ ဖေါ်ပြထားတယ်လို့ သိရပါတယ်။



Myanmar Right

 
|