From;မောင်ကျောက်ခဲ
ကေအိုင်အေ လက်အောက်ငယ်သားတွေရဲ့ ခံစားချက်ရင်ဖွင့်သံပါဝင်ဆွေးနွေး သူတစ်ဦးမှ လက်ဆင့်ကမ်းလိုက်ပါသည်။
"လစာလည်းမရ မိသားစုနဲ့လည်းခွဲ တိုက်ခိုင်းတော့ ဒို့ရှေ့ ကပဲ။
ငါတို့ကို လိမ်ပြီးခိုင်းနေတာ သိပေမဲ့ ဒို့မိသားစုတွေက သူတို့လက်ထဲမှာ။
သေနတ်တွေ ယူပြီးပြေးကြမယ်။ ဒီတစ်ခါလိုက်ဖမ်းရင် ပြန်ပစ်ကြမယ်။
ဆွေးနွေးခါနီးတိုင်း ဒီတစ်ခါအဆင်ပြေမယ်ထင်တယ်ထင်တယ်နဲ့
ဒို့ကိုလူကြီးတွေလိမ်တာများဘီ။နှာခေါင်းရှည်ကောင်တွေလာလာ ပြီးသွားဆွေးနွေးရင်ပျက်လာပြန်ပြီ။
ထမင်းလည်းမှန်မှန်မစားရဘူး။ ကျည်ဆံလည်းနဲနဲပဲပေးတယ်။
ဒို့စခန်းတွေ ဒို့သွားနေတာတွေ ဗမာရဲဘော် အကုန်သိတယ် သူတို့မလုပ်ချင်သေး
လို့ဆိုတာဟုတ်တယ်။သူတို့မှာ လူကော လက်နက်ကြီးတွေကောအများကြီးဘဲ။

ကျည်ဆံလည်းတအားပေါတဲ့ကောင်တွေ ပေါက်ပေါက်ဖောက်သလို ပစ်တာနောက်တစ်ခါဆို သူတို့ကိုသွားမလုပ်တော့ဘူး။ဟိုတလောက ကံကောင်းလို့ ဘုရားသခင်နဲ့ တွေ့ ရပြီထင်တာ ဒို့ရွာကဖမ်းလာတဲ့ကလေး ၂ ယောက်တော့ သနားပါတယ်။ဗမာစစ်သားက မြှပ်တော့ပေးမယ်ထင်ပါ
တယ်။ကလေးတွေကခုမှ၁၄နှစ်လောက်ပဲရှိအုံးမယ်။သူတို့အမေတွေကိုဘယ်လိုပြန်ပြောရမလဲတောင်မသိဘူးလူဖမ်းတာလည်းမလုပ်ချင်တော့ဘူး။ ရွာတွေမှာလည်း ကလေးနဲ့အဘိုးတွေပဲရှိတော့တယ်။

ဟိုတစ်လောက ဆဒုံးဘက်မှာ ရခိုင်မလေး ၂ယောက်ကိုအတင်းခေါ်အိပ်တယ်ဆိုတာ ဟိုကောင် ငမူး လဂျိုင်ဇေခေါင်နဲ့. ရင်း ၃. ရင်းမှူးလို့ပြောတယ်။ဒီမှာရှိတဲ့ရခိုင်တွေလည်း သိတယ်နဲ့တူတယ်။ သိပ်ကျေနပ်ပုံမရဘူး။ဒီကောင်တွေက ငကြောက်တွေပါ ဒို့ကိုမလှန်ရဲပါဘူး။ သူတို့ရခိုင်မှာ ကုလား
တောင်မနိုင်တာ။ အင်း ဒီမှာလည်း ဟိုကုလားတွေရောက်လာရင် ဒီကောင်တွေနဲ့ဘာဖြစ်မလဲမသိဘူး။ မဆိုင်လောက်ပါဘူး ကုလားတွေက ဖောက်ခွဲရေး သီးသန့်လို့ ကြားတာပဲ။ဒါဆိုလည်းကောင်းတာပဲ ။ ဒို့ထောင်ရင်းသေတာမဖြစ်တော့ဘူးပေါ့။
ဒါပေမဲ့ ကုလားတွေခေါ်မှာတော့ မကြိုက်ဘူးကွာ။

ရှမ်းတွေပြေးသလို ဖြစ်မှာစိုးလို့ ရခိုင်နဲ့ လီစူး လချိတ်တွေကိုစောင့်ခိုင်ထားတယ်။
အခြေအနေပေးရင် ငါတို့လည်းလိုက်သွားကြမယ်။အသက်တော့အသေမခံနိုင်ဘူး ဒီတစ်ခါတိုက်ဖြစ်ရင် ပစ်သတ်ပြီးမှပြေးမယ်ကွာ။မနေ့ကလူကြီးတွေတမင်မသွားတာ ဘာတိုက်ပွဲမှမဖြစ်ဘူး။ အိပ်လိုက်စားလိုက်လုပ်နေတာသိနေကြတာဘဲ။ ဘာအလုပ်မှလည်းမရှုပ်ဘူး။ မြင်နေတာပဲ။
ငါတော့သိပ်မကြေနပ်တော့ဘူး။ ဒီလိုပဲသူတို့လုပ်နေရင်ဟိုစစ်တပ်ကတကယ်လာတိုက်ရင် ငါတို့ပဲသေမှာ။
သူတို့ကျတော့တရုတ်ထဲမှာအကုန်ပြင်ထားပြီးသား။ ကုလားဘက်လည်းလုပ်ထားတယ်လို့ပြောတာဘဲ။
သူတို့ပြောတော့ဒို့ကချင်(ဂျိန်းဖော)လူမျိုးတွေအတွက်ပြောတယ်။
ချမ်းသာတော့ သူတို့ပဲ။ တရုတ်မှာသူတို့ ပစ္စည်းတွေသိမ်းတယ်လို့ကြားတယ်။
သူတို့ပဲထုတ်တဲ့အမိန့် စီးပွားရေးမလုပ်ရဘူး ခုတော့ ဟော်တယ်တောင်မကဘူး
ဖုန်းကုမ္မဏီလည်းပိုင်တယ်တဲ့ ဒို့ပြောနေတာသူတို့ပိုင်တဲ့ဟာပေါ့။ခိုင်းတော့ရှေ့ကဖုန်းကျတော့ပိုက်ဆံပေးရတယ်။
သူတို့ပြောသလို ဒို့အထဲမှာ ထောက်လှမ်းရေးတွေရှိနေတယ်ဆိုတာဖြစ်နိုင်လား။
အင်း ဖြစ်နိုင်တာပဲ တချို့ စစ်သားတွေကိုပြေးခိုင်းပြီး ဒို့ဘက်ဝင်ခိုင်းထားတာ
လည်းရှိတယ်လို့ပြောထားတယ်။
မင်းကရောဘယ်ဘက်ကလည်း။
မင်းကငါ့တောင်မယုံတော့ဘူးလား။"

0 comments:
Post a Comment