Sunday, December 9, 2012

လူဦးရေတိုးပွားနှုန်းကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြည်ပမီဒီယာများ၏ ဖော်ပြချက် မှန်ကန်ခြင်းမရှိကြောင်း သက်သေပြနိုင်


From; Myanmar Express

လူဦးရေတိုးပွားနှုန်းကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြည်ပမီဒီယာများ၏ ဖော်ပြချက် မှန်ကန်ခြင်းမရှိကြောင်း သက်သေပြနိုင်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး
ကပြောသည်။

ရခိုင်ပြည်နယ်အခြေအနေများနှင့် စပ်လျဉ်း၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကာတာအခြေစိုက် အယ်လ်ဂျားဇီရားသတင်းဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်လွှင့်မည့်ရုပ်သံအစီအစဉ်နှင့် ပတ်သက်၍ ၀န်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံအစီအစဉ်ကို Geonocide (လူမျိုးတုန်းသတ်ဖြတ်မှု) ဟု ခေါင်းစဉ်တပ်ထားကြောင်း၊ ၁၉၈၀ ၀န်းကျင်က ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုး နှစ်သိန်းခွဲခန့်ရှိပြီး ယခု ၂၀၁၂ ခုနှစ်တွင် တစ်သန်းရှိကြောင်း၊ သို့ဖြစ်၍ မျိုးတုန်းသတ်ဖြတ်မှု ရှိ၊ မရှိကို ဦးနှောက်သုံး၍ စဉ်းစားသိရှိနိုင်ကြောင်း ၀န်ကြီးကပြောကြားခဲ့သည်။


Myanmar Right

0 comments:

Post a Comment

 
|