ကျနော်တို.လေးစားချစ်ခင်ရသောနိုင်ငံတော်သမ္မတကြီး၏လုပ်ဆောင်ချက်များထဲမှအချို.ကိုကျွန်ုပ်တို.မိတ်ဆွေတစ်ဦးမှသုံးသပ်တင်ပြထားခြင်းအားနှစ်သက်မိပါ၍မျှဝေခံစားခြင်းဖြစ်ပါသည်။
၁။ဒီမိုလမ်းကြောင်းကို နိုင်ငံတကာကို ကြေညာပြီး ဦးဆောင်သွားနေသည် ။
၂။တချိန်တခါမှ မကြုံဘူးတဲ့ နိုင်ငံတကာနှင့် နိုင်ငံရေးအကျဉ်းသားများ အံ့အားသင့်စေတဲ့အချိန်တွင် နိုင်ငံရေးအကျဉ်းသားတော်တော်များများကို လွတ်ပေးသည် ...(ကိုမင်းကိုနိုင်တို့အပါအ၀င်)

၃။ပြည်သူ့ဆန္ဒအား အလေးအနက်ထားသည့်အနေဖြင့် မြစ်ဆုံစီမံကိန်းပရောဂျက်ကြီးကို (အတိုက်အခံများကြားမှ)ရပ်နားပစ်လိုက်သည်။
၎။ကချင်ပြည်နယ် စစ်သားငယ်တစ်ဦး၏ သူတို့လည်း လက်တော့ကိုင်ချင်သည် ဆိုသောအပြောအဆိုမျိုးကို မီဒီယာရှေ့တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်....လက်တော့ကွန်ပြူတာများ လက်ဆောင်ပံ့ပိုးပြီး အပစ်အခတ်ရပ်ဆဲရေး ကာကွယ်ရေးဦးစီးချုပ်ကို အမိန့်အကြောင်းကြားစာပေးပို့ တားမြစ်သည်။
၅။တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းအဆင်ပြေစေရေး ဦးအောင်မင်း ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းစေ၍ ငြိမ်းချမ်းရေးရရှိအောင် အစဉ်တစိုက်ကြိုးပမ်းခိုင်းနေသည်။
၆။ခေတ်အဆက်ဆက် နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးနှင့် ပြည်ပရောက်နေသူ နိုင်ငံရေးလှုပ်ရှားသူနှင့် ခေတ်ပညာတတ်များအား တရားဝင်ဖိတ်ခေါ်ပြီး ဒီမိုလမ်းကြောင်းကို ရှေ့ရှုဆောင်ရွက်နိုင်ဖို့ ကြိုးစားနေသည်။
၇။သက်ကြီးပင်စင်စား ၀န်ထမ်းအငြိမ်းစားများ၏ ဘ၀ကို ကြည့်ရှုစောင့်ရှောက်သည့်အနေဖြင့် ထောက်ပံ့ချီးမြှင့်ခြင်းဖြင့် ၀န်ထမ်းအငြိမ်းစားများ၏ ချစ်ခင်မှုကို ရယူထားနိုင်သည်။
၈။ခေတ်အဆက်ဆက်ယုံကြည်မှု တည်ဆောက်မရခဲ့သော အတိုက်အခံခေါင်းဆောင်အား နိုင်ငံတကာအစည်းအဝေးတက်ရောက်စေသည်...ဆုတံဆိပ်များတက်ရောက်ယူစေပြီး လူထုအခမ်းအနားမိန့်ခွန်းများပြောကြားစေသည်...အထိ ယုံကြည်မှုတည်ဆောက်ပြနိုင်သည် .. နိုင်ငံတကာ စီးပွားရေးဖိုရမ်းတက်ရောက်ရန်ဖိတ်ကြားမှုအား မတက်ရောက်ဖြစ်သည်အထိ သဘောထားကြီးပြနိုင်ခဲ့သည်။
၉။ပြည်သူလူထု သက်သက်သာသာဖုန်းသုံးစွဲနိုင်ရေးချုပ်ဆိုထားသည့် ပြည်ပကုမ္ပဏီများနှင့် အဆင်ပြေစေရေး မိတ်ဝတ်မပျက်စေရေး၊ နိုင်ငံတော် ဘဏ္ဍာရေးဘတ်ဂျက်နှင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ဈေးသက်သက်သာသာသုံးစွဲနိုင်ရေး အခက်အခဲများကြားမှ ဖန်တီးပေးနေရသည်။
၁၀။အိမ်နီးချင်းနိုင်ငံများအလာကို မျော်နေရသည့်ဘ၀မှ တဖြည်းဖြည်း စီးပွားရေးအရ လွမ်းမိုးထိန်းချုပ်နိုင်အောင် ပြည်ပရွေ့ပြောင်းအလုပ်သမားများအရေးကအစ အဆင်ပြေစေရေး ကြိုးစားဆောင်ရွက်နေသည်။
၁၁။လူကုန်ကူးခံရမှုလျော့နည်းအောင် ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပြည်တွင်းအလုပ်သမားတွေ အဆင်ပြေစွာ အလုပ်အကိုင် ရရှိစေရေး မိမိနိုင်ငံအတွင်း စက်ရုံပြောင်းရွှေ့တည်ဆောက်နိုင်အောင် စီစဉ်နေသလို.... တခြားနိုင်ငံ၏ တချိန်လုံးအသာစီးရခဲ့သော ရေဆိပ်၊ လေဆိပ် မှီခိုအားထားမှု ကင်းအောင် ကြိုစားဆောင်ရွက်နေသည်။
၁၂။အရင်အစိုးရလက်ထက် ထုတ်ဖော်ခွင့်မရှိခဲ့သော လူထုဆန္ဒထုတ်ဖော်ခွင့်များအား ဆောင်ရွက်ခွင့်ရခဲ့သည်......စည်းကမ်းတကျဖြစ်စေရေးဆောင်ရွက်နေသည်....
၁၃။ဖြစ်စဉ်များနှင့် အခက်အခဲဖြေရှင်းရမှုများအား မီဒီယာများနှင့် ပြည်သူသိရှိအောင် ကိုယ်တိုင်အသိပေးပြောဆိုသည်။
၁၄။ရခိုင်တိုင်းရင်းသားများအရေးကြောင့် ပြည်ပအိမ်နီးချင်းနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု အမြင်စောင်းခံရလောက်အောင် (ဘန်ကောက်ပို့ရေးသားမှုဖတ်စေချင်ပါသည်) ဖိတ်ခေါ်မှုအား(၂)ကြိမ်တိုင်ရက်ရွေ့၍ ရခိုင်တိုင်းရင်းသားများ၏ အရေးအား အလေးပေးဆောင်ရွက်ခဲ့သည်။
၁၅။တိုင်းရင်းသားများအားလုံး ဒီမိုလမ်းကြောင်းတွင် အတူတကွ ပါဝင်ခွင့်ရစေရေး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အလေးထားတွေ့ဆုံခြင်းများဆောင်ရွက်နေသည်။
၁၆။ပြုပြင်ပြောင်းလဲရေးအတွက် သန့်ရှင်းသောအစိုးရ...ကောင်းမွန်သောအစိုးရဖြစ်ရေး....ဟန်ချက်ညီညီ ကူးပြောင်းနေသည် ...ဦးတည်ဆောင်ရွက်နေသည်။
၁၇။တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံတော်စီမံကိန်းများတွင် ပါဝင်ရင်းနှီးမြုပ်နှံလာအောင် ဆောင်ရွက်နေသကဲ့သို့ ခရိုနီလွှမ်းမိုးချုပ်ကိုင်မှုထိန်းချုပ်နိုင်အောင် ဆင်းရဲချမ်းသာကွာဟမှု လိုက်လျောညီထွေရှိလာစေရန် ကားပါမစ်ကဲ့သို့ကိစ္စများ အိမ်ခြံမြေဈေးကစားခြင်းကိစ္စများတွင် လွှမ်းမိုးချုပ်ကိုင်ထားသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အထိနာခဲ့ရသည်အထိ လူလတ်တန်းစားအများစုအရေး ဆောင်ရွက်သွားသည်။
၁၈။ရိုဟင်ဂျာပြဿနာတွင် မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူတို့၏ ရေရှည်အေးချမ်းစွာနေထိုင်နိုင်ရေး UNHCR ကဲ့သို့အဖွဲ့အစည်းမှ အဓိကတာဝန်ရှိသူအား ပြတ်ပြတ်သားသား ပြောဆိုပြီး ရခိုင်တိုင်းရင်းသားများနှင့်သွေးနီးကြောင်း ရပ်တည်သွားသည်။
၁၉။နိုင်ငံတကာမီဒီယာများ၏ လုပ်ကြံထုတ်လွှင့်နေသော ရိုဟင်ဂျာအရေးအား နိုင်ငံတကာမှ (တချို့သမ္မတကြီးအားဆန္ဒပြမှုများပြုလုပ်နေချိန်)တွင်အမြင်စောင်းမှု မဖြစ်စေရေး နိုင်ငံရေးထောက်ခံမှု ပြကွက်အနေဖြင့် ထိုင်းနိုင်ငံသို့ အချိန်ကိုက် ချစ်ကြည်ရေး သွားရောက်ခဲ့ပြီး ပြည်တွင်းရေး အေးချမ်းစွာကိုင်တွယ်နိုင်ကြောင်းနှင့် ထောက်ခံမှုပြကွက်အား အရည်အချင်းရှိရှိ ဆောင်ရွက်သွားခဲ့သည်။
၂၀။ခေတ်အဆက်ဆက်ထိုင်းအလာကို မျော်နေတဲ့အဖြစ်မှ မိမိအလာထိုင်းလိုလိုလားလားပြန်စောင့်ရတဲ့ အနေအထားဖြစ်အောင် အရည်အချင်းရှိရှိ ဆောင်ရွက်သွားသည်။
၂၁။အိမ်နီးချင်းနိုင်ငံများ၏ ခေတ်အဆက်ဆက် စီးပွားရေးအသာစီးကစားမှု နိုင်ငံရေးအသာစီးကစားမှု အားထိန်းချုပ်ကိုင်တွယ်အသာစီးရရန် ရေနက်ဆိပ်ကမ်းများ၊ တိုက်ရိုက်လေကြောင်းပြန်သန်းမှုနှင့် နိုင်ငံတကာလေဆိပ်ကြီးများ ပေါ်ပေါက်လာရေး အခက်အခဲများကြားမှ ကြိုးစားနေသည်...
၂၂။မည်သို့ပင်ဘေးထိုင်ဘုပြော အပြစ်ဆိုနေပါစေ အဆင့်အတန်းမခွဲကြားဘဲ သဘောထားကြီးစွာဖြင့် ဒီမိုလမ်းကြောင်းတွင် ပါဝင်လာရေး သဘောထားကြီးစွာဖြင့် ကြိုးစားဆောင်ရွက်နေသည်။
၂၃။နိုင်ငံတော် ဧရိယာအနှံ့ နိုင်ငံတော်အာဏာသက်ရောက်နိုင်အောင်ဆောင်ရွက်နိုင်ခဲ့သည်...(ရခိုင်တိုင်းရင်းသားများ အိမ်တိုင်းတွင် သမ္မတကြီးကိုထောက်ခံသည့်အနေဖြင့် အိမ်တိုင်းအိမ်တိုင်းနှင့် ကား၊ ယာဉ်၊ ဆိုက်ကားများတွင်ပါ နိုင်ငံတော်အလံတော်လွှင့်ထူထားသည်)
၂၄။နိုင်ငံတကာခေါင်းဆောင်များမှ ဒီမိုကရေစီလမ်းကြောင်းဦးဆောင်နိုင်မှု အရည်အချင်းရှိ ခေါင်းဆောင်တစ်ဦးအဖြစ်လေးစားအသိအမှတ်ပြုထားသည်
၂၅။Time Magazine တွင် ကမ္ဘာ့သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်(၁၀၀)စာရင်းတွင် ယှဉ်ပြိုင်ဘက်များကိုကျော်လွန်၍ ကမ္ဘာ့ပြည်သူလူထုနှင့်ခေါင်းဆောင်များ၏ အသိအမှတ်ပြုဖော်ပြခြင်းခံရသည်အထိ ထောက်ခံမှု ရရှိထားသည်...
၂၆။အင်းအားကြီးနိုင်ငံကြီးများဖြစ်သည့် အိန္ဒိယ,တရုတ်နိုင်ငံကြီးများ၏ Two Ocean မဟာအင်အားကြီးနိုင်ငံအဖြစ်အသွင်ပြောင်းလဲနိုင်ရန် မျက်စိကျနေမှု...ကုန်သွယ်ရေးအသာစီးရလိုနေမှု၊ အခြားအိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး အသာစီးရထိန်းချုပ်နိုင်မှုအတွက် မျက်စိကျနေမှု လူမျိုးရေးအရ အန္တရာယ်ရှိလာမှု ဥရောပနိုင်ငံများ၏ ရုပ်သေးအစိုးရ တင်မြောက်လိုမှု....ချယ်လှယ်လွှမ်းမိုးလိုမှု ......တိုင်းပြည်မငြိမ်မသက်ဖြစ်မှ လုပ်စားနိုင်သူများ၏ အန္တရာယ်တို့ကဲ့သို့ ဘက်ပေါင်းစုံ အန္တရာယ်မျိုးစုံကြားတွင် ဒီမိုလမ်းကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားတည်ဆောက်နေရသည်။
၂၇။စီးပွားရေးပိတ်ဆို့မှု.....နှင့် ပွင့်လင်းလာသည့် ပြည်တွင်း နေရာပေါင်းစုံမှ ဆန္ဒပြတောင်းဆိုမှု ပြဿနာများကြားတွင် ကောင်းမွန်သောဦးဆောင်မှုဖြစ် ရန် ကြိုးစားတည်ဆောက်နေသည်။
၂၈။သမ္မတရာထူးတာဝန်ထမ်းဆောင်ချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်မှ အပြစ်မဆိုဘဲ....ဝေဖန်ပုတ်ခတ်ခြင်းမရှိဘဲ ......နိုင်ငံတော် ၏ ကြွေးမြီမကင်းသည့်အခြေအနေနှင့် လူတစ်ဦးချင်းအဆင်မပြေမှုတို့အား တရားဝင်ကြေညာပြီး နှလုံးစက်အစားထိုးထားလျှက် စိန်ခေါ်မှုပေါင်းစုံကြားမှ ဒီမိုကရေစီ နိုင်ငံဖြစ်ရေး။ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးလာရေး..လေးစားဖွယ် .ကြိုးစားဆောင်ရွက်နေသည် .....
၂၉။ဒေသတွင်းအာဆီယံနိုင်ငံခေါင်းဆောင်များအကြားဦးဆောင်နိုင်ရေးနှင့် 2013 အားကစားပွဲတော် အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည်

Myanmar Right
0 comments:
Post a Comment