ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း Xian မြို့ Tang မင်းဆက် Qin Shihuangရှေးဟောင်း စစ်သည်တော် ပြတိုက်တွင် လေ့လာ ကြည့်ရှု နေ စဉ်။
နေပြည်တော် နိုဝင်ဘာ ၂၃
တရုတ်
ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ချစ်ကြည်ရေး ခရီးရောက် ရှိ နေသော
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)
ဗိုလ်ချုပ်ကြီး စိုးဝင်း ခေါင်းဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့်
ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်က ရှန်ဇီးပြည်နယ်
ရှီအမ်းမြို့သို့ ထွက်ခွာရန် ပေကျင်းမြို့ နန်းယွမ် လေဆိပ် သို့ နံနက် ၈
နာရီ ၃ဝ မိနစ်တွင်ရောက်ရှိရာ တရုတ် ပြည်သူ့လွတ် မြောက်ရေး တပ်မတော်
နိုင်ငံခြား ဆက်ဆံရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Ci Guowei မှ
ပို့ဆောင်နှုတ် ဆက်ခဲ့သည်။ ၎င်းမှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်
အထူးလေယာဉ်ဖြင့် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် Xian မြို့ လေဆိပ်သို့
ရောက်ရှိ ခဲ့သည်။ လေဆိပ်တွင် ရှန်ဇီး ပြည်နယ် စစ်ဒေသ ဒုတိယ စစ်ဒေသမှူး
ဗိုလ်ချုပ် Jin Lechang က ခရီးဦး ကြိုဆို ခဲ့သည်။
ယင်းနောက်
ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည်
ဆက်လက် ထွက်ခွာ ခဲ့ရာ နံနက် ၁ဝ နာရီ ၃ဝ မိနစ်တွင် Xian ရှိ Tang မင်းဆက်
ရှေးဟောင်း စစ်သည်တော် ပြတိုက် (Qin Shihuang Terracotta Warriors and
Horses)သို့ ရောက်ရှိ လေ့လာ ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်တွင်
ပြတိုက်မှ ပြန်လည် ထွက်ခွာ ခဲ့သည်။
မွန်းလွဲ ၁ နာရီတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း သည် Xian မြို့
လေယာဉ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း အုပ်စု AVIC XIAN AIRCRAFT Industry
(Group) Company Ltd သို့ ရောက်ရှိခဲ့ရာ AVIC XAC \ President ဖြစ်သူ
Mr.Tang Junက ကုမ္ပဏီဆိုင်ရာ အချက်များ ရှင်းလင်းခဲ့ပြီး စက်ရုံအတွင်း
လှည့်လည် ကြည့်ရှု ခဲ့သည်။
ဆက်လက်၍ ညနေ ၆ နာရီတွင် Xian Crowne Plaza Hotel ၌ Shaan Xi ပြည်နယ်
စစ်ဒေသ နိုင်ငံရေးမှူး ဗိုလ်ချုပ် Lin Miaoxin နှင့် ဟိုတယ် Conference
Room (1) တွင် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု
အခြေအနေ၊ နိုင်ငံတကာနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံမှု အခြေအနေ များအား
ဆွေးနွေး ခဲ့ပြီးနောက် တည်ခင်း ဧည့်ခံသော ညစာစားပွဲအား တက်ရောက် ကာ
လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ် ခဲ့ကြသည်။
ဆက်လက်၍
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)
ဗိုလ်ချုပ်ကြီး စိုးဝင်း ခေါင်းဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့်
ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ည ၉ နာရီမှ ၁ဝ နာရီအထိ Tang မင်းဆက်ခေတ် ယဉ်ကျေးမှု ကပွဲ သို့သွားရောက် ကြည့်ရှု ကြသည်။
ဒုတိယ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး
ကိုယ်စားလှယ် အဖွဲ့တို့ Xian မြို့ Famen ဗုဒ္ဓ လက်ရိုးတော်
ဘုရားကျောင်းတွင် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြစဉ်။
ဒုတိယ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)
ဗိုလ်ချုပ်ကြီး စိုးဝင်းသည် နိုဝင်ဘာ ၁၈ ရက် နံနက် ၇ နာရီက Famen ဗုဒ္ဓ
လက်ရိုးတော် ဘုရား ကျောင်းသို့ ထွက်ခွာရာ နံနက် ၈ နာရီ ၃ဝ
မိနစ်တွင် ရောက် ရှိ ဖူးမြော် ကြည်ညို ခဲ့ပြီး နဝကမ္မ အလှူတော်ငွေ ထည့်ဝင်
လှူဒါန်းကာ အမှတ်တရ မှတ်တမ်း ဓာတ်ပုံ ရိုက်ခဲ့သည်။ဘုရား ကျောင်းတော်ရှိ
ဓာတ်တော် မှာ ဂေါတ မ မြတ်ဗုဒ္ဓ၏ လက်ဝဲလက် ခလယ် အလယ်ဆစ် အရိုးတော် ဓာတုစေတီ
ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၈ဝဝ ခန့်မှ စတင်၍ နီပေါနိုင်ငံမှ
ပင့်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍
နံနက် ၁၁ နာရီ ၃ဝ မိနစ်တွင် လေတပ် အင်ဂျင်နီယာ တက္ကသိုလ်သို့ ရောက်ရှိ ရာ
ကျောင်းအုပ်ကြီး ဗိုလ်ချုပ် Zhong Honghr မှ ခရီးဦး ကြိုဆိုခဲ့ပြီး
ရှင်းလင်း ဆောင်တွင် လေတပ် အင်ဂျင်နီယာ တက္ကသိုလ် လေ့ကျင့်ရေး ဌာနမှ ဒုတိယ
ဌာနမှူး Sr.Col Wang Xiaodong က တက္ကသိုလ်၏ သမိုင်းကြောင်း၊ သင်ကြားပေးသည့်
ဘာသာရပ်များ၊ ချီးမြှင့် ပေးသည့် ဘွဲ့တံဆိပ်များ ရှင်းလင်း တင်ပြရာ
ဗိုလ်ချုပ်ကြီး စိုးဝင်းမှ သိရှိ လိုသည်များ မေးမြန်း ဆွေးနွေးပြီးနောက်
အထိမ်းအမှတ် လက်ဆောင်များ အပြန်အလှန် လဲလှယ် ခဲ့ကြသည်။
ယင်းနောက်
တက္ကသိုလ် စာကြည့်တိုက်နှင့် ရူပဗေဒ သိပ္ပံလက်တွေ့ ခန်းသို့ လေ့လာရာ တာဝန်
ရှိသူများမှ ရှင်းလင်း တင်ပြကြသည်။ ထို့နောက် Xian မြို့မှ
Kunming မြို့သို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အထူးလေယာဉ်ဖြင့်
ထွက်ခွာခဲ့ရာ Kunming မြို့သို့ ညနေ ၄ နာရီတွင် ရောက် ရှိခဲ့သည်။
Myanmar Right
0 comments:
Post a Comment