From; မြ၀တီ
့နေပြည်တော် နိုဝင်ဘာ ၂၄
ယနေ့
နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိ ခန်းမဆောင်
အစည်းအဝေး ခန်းမ၌ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ကော်မတီ များနှင့်
ကော်မရှင် တို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လွှတ်တော် များ၏ အုပ်ချုပ်မှု
ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ကျင်းပသည်။
ရှေးဦးစွာ
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက အဖွင့် အမှာ စကား ပြောကြားပြီး ပြည်သူ့ လွှတ်တော်၊
အမျိုးသား လွှတ်တော် ကော်မတီ များမှ ဥက္ကဋ္ဌများ၊ အတွင်းရေး မှူးများ၊ အဖွဲ့ဝင်
များက ပညာရေး၊ ကျန်းမာရေး၊ လွှတ်တော် များ၏ အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်
များနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်း တင်ပြ
ကြသည်။
ထို့နောက်
အစည်းအဝေး တက်ရောက်လာ သူများက အထွေထွေ ဆွေးနွေး ကြပြီး ပြည်သူ့ လွှတ်တော်
ဥက္ကဋ္ဌက နိဂုံးချုပ် အမှာ စကား ပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်း လိုက်သည်။
အစည်းအဝေးသို့ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်
တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေး မှူးများ၊ အဖွဲ့ဝင်များ၊ ကော်မရှင်
အဖွဲ့ဝင်များ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဝန်ကြီး ဌာနများမှ သက်ဆိုင်ရာ
တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်
ကြသည်။
Myanmar Right
0 comments:
Post a Comment